Saturday, February 14, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ပုသိမ်-မုံရွာကားလမ်းအတိုင်း ရွှေစက်တော်ဘုရားသို့ ဆားလင်းကြီး မြို့နယ်၊ ဖောင်းက သာ ကျေးရွာနေသူ ယာဉ်မောင်း မြင့်လွင် (၄၆)နှစ် မောင်းနှင်လာသည့် ၈စ/xxxxx လိုက်ထရပ် အဖြူရောင် ယာဉ်သည် မိုင်တိုင်အမှတ်(၂၇၂)အနီး၊ ရွှေစက်တော်ဘုရားပွဲသို့အ၀င် (၃)မိုင်လမ်းဆုံ အကွေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း၊

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား(၁၀)ဦး၊ မ(၁၈)ဦး အနက် ကျား(၅)ဦး၊ မ(၈)ဦးတို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင် မခြင်မောင်းနှင်သူ မြင့်လွင်အား မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း ယာဉ်(ပ)၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video