Sunday, February 15, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်အမှတ် (၃၆/၁) နှင့် (၃၆/၂) အကြား တောင်ခင်ရမ်းရွာ ၊ ဖြူစင်မေတ္တာလက်ဖက်ရည်ဆိုင်ရှေ့တွင် ကုက္ကားရွာမှ မြောက်ခင်ရမ်းရွာသို့ ပြန်လာသော ၎င်းရွာနေ ၊ မောင်ငြိမ်းချမ်းဇော်(ခ)သားငယ်(၂ဝ)နှစ်မောင်းနှင်သော နံပါတ်မပါ LUOJIA-၁၁ဝ အနက်ရောင် ဆိုင်ကယ်သည် နောက်မှ တစ်ရွာတည်းနေ သူရိန်ထွန်းအား တင်ဆောင်မောင်းနှင်လာစဉ် အရှိန် မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့သဖြင့် မောင်ငြိမ်းချမ်းဇော် (ခ) သားငယ်မှာ ယာရင်အုံပွန်းပဲ့၊ ရင်ခေါင်း တည့်တည့် ပွန်းပဲ့၊ ယာလက်မောင်းပွန်းပဲ့ ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး သူရိန်ထွန်း တွင် ဝဲခြေထောက် နာကျင်သည့်ဒဏ်ရာရရှိခဲ့သဖြင့် ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ ၊ မောင်ငြိမ်းချမ်းဇော်(ခ)သားငယ်အား ဂန့်ဂေါမြို့နယ်၊ ကန် နယ်မြေရဲစခန်း ယာဉ်(ပ)၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

အလားတူ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် (၂) နာရီအချိန်ခန့် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ မကွေး-နတ်မောက်ကားလမ်း မိုင်တိုင်အမှတ် (၇၃/၁)နှင့် (၇၃/၂) အကြား တွင် ရေနံချောင်းမှ နတ်မောက်ဘက်သို့ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်နေ စိုးသူရကျော် (၂၇)နှစ် မောင်းနှင်ပြီးနောက် မှ ရေနံချောင်းမြို့၊ အေးကုန်းရပ်နေ နေလင်းဝေ (၂၇)နှစ် စီးနင်း လိုက်ပါ လာသော နံပါမပါ၊DREAM-၁၁ဝ အစိမ်းရောင်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ စိုးသူရကျော်တွင် ယာနားထင်ဖူးရောင်၊ ဝဲနားနောက်ပွန်းပဲ့နှင့် နေလင်းဝေတွင် ဝဲလက်ဖျံပွန်းပဲ့၊ ယာလက် နာကျင်တို့ရရှိသဖြင့် စိုးသူရကျော်အား မကွေးတိုင်းပြည်သူ့ဆေးရုံသို့ပို့အပ် ဆေးကုသမှု ခံယူခဲ့ရာ ၁၄.၂.၂ဝ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန် သေဆုံးသွားသဖြင့် ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ စိုးသူရကျော်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ)၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video