၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ (၆း၁၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ရေနံချောင်းမြို့၊ ထိပ်တန်းကားဂိတ်အနီးတွင် ရေနံချောင်းမြို့၊ ရွာသစ်ရေခဲစက်ရပ်နေ ကျော်သူရိန်ဝင်း (၂၂)နှစ် သည် နံပါတ်မပါ၊ LUOJIA-၁၁ဝ အနက်ရောင်ဆိုင်ကယ်ဖြင့် လက်မှတ်ကုန်းရပ်မှ မြို့တွင်းသို့ မောင်းနှင်လာစဉ် ၄င်းလမ်းအတိုင်း ရေနံချောင်းမြို့၊ စက်မှုဇုံရပ်နေ အငယ်လေး(ခ)မောင်ဌေး၊ (၃၃)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် ၁ဟ/xxx၊ အပြာရောင် သုံးဘီးယာဉ်မှ ထိပ်တန်း မှန်လုံယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ၍ ကျော်သူရိန်ဝင်းအား တိုက်မိရာ ကျော်သူရိန်ဝင်း၏ ဦးခေါင်းနောက်စေ့ဖူးရောင်၊ ဝဲ/ယာလက်ဖျံနာကျင်၊ နောက်ကျောပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
သုံးဘီးဆိုင်ကယ်အားပေါ့ဆစွာမောင်းနှင်သူ အငယ်လေး(ခ)မောင်ဌေး (၃၃)နှစ်အား ရေနံချောင်း မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment