Sunday, February 15, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့နယ်၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဖဲလောင်းကစားနေကြောင်းသတင်းအရ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏လောင်းကစားဖမ်းဝရမ်းအမှတ် (၅/၂ဝ၁၅) ဖြင့် သက်သေများနှင့်အတူ မကွေးမြို့၊ ချမ်းမြေ့သာယာရပ်နေ ဦးတင်မောင်ဌေး(၇၄)နှစ်၏နေအိမ်အား ဝင်ရောက် ရှာဖွေဖမ်းဆီး ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ချမ်းမြေ့သာယာရပ်နေ ဦးတင်မောင်ဌေး(၇၄)နှစ်၏နေအိမ်တွင် ဖဲရိုက်လောင်းကစားနေသူ ဦးတင်မောင်ဌေးနှင့် တစ်ရပ်ကွက်တည်းနေ မပွားစိန်(၃၄)နှစ်၊ မဇာခြည်ဦး(၃၁)နှစ်၊ သန်းဆောင် (၃၅)နှစ်၊ မတင်တင်နု(၃၉)နှစ်၊ မဝေဝေလွင်(၃ဝ)နှစ်၊ ကိုမျိုး(၃ဝ)နှစ်နှင့် မဝင်းစုမော် (၂၇)နှစ်တို့ (၈)ဦး အား ဖဲရိုက်လောင်းကစားရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့် လောင်းကြေးငွေစက္ကူ ရောရာ-၁၅၇ဝဝိ/-သိမ်းဆည်းရမိ၍ မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၈/၂ဝ၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video