Friday, February 6, 2015

ရေနံချောင်း    ဖေဖော်ဝါရီ    ၅
    မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် အရန်သားဖွားသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ  ၅ရက်နေ့ နေ့လည် ၃နာရီအချိန်ကပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပသည်။
    အခမ်းအနားတွင် ရေနံချောင်းမြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်က အဖွင့်အမှာစကား ပြောကြားရာတွင်အရန်သားဖွားသင်တန်းကို ထောင်စုနှစ်ရည်မှန်းချက်ပြည့်မီရေးနှင့် မိခင် ကလေးသေဆုံးမှု လျော့ချရေးတို့ကို ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း ပျက်ကွက်မှုမရှိအောင် ကြိုးစားသင်ယူကြရန် မှာကြားသည်။
    အဆိုပါဖွင့်ပွဲသို့ ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်နှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ဝေေ၀လွင်နှင့် အဖွဲ့ဝင်များ သင်တန်းသူ(၂၅)ဦး တို့တက်ရောက် ခဲ့ကြပြီး သင်တန်းကာလအတွင်း စားစရိတ်တစ်ရက်လျှင် တစ်ထောင်ကျပ်နှုန်းနှင့် ၀တ်စုံ(၂)စုံတို့အတွက် ထောက်ပံ့စရိတ်ကို 3MDG မှထောက်ပံ့ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video