Friday, February 6, 2015

ရေနံချောင်း    ဖေဖော်ဝါရီ    ၅
    မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့တွင် (၆၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထမင်းနှဲထိုးပြိုင်ပွဲကို ဒီဇင်ဘာလ ၅ရက်နေ့ နေ့လည် ၃နာရီအချိန်က ရေနံချောင်းမြို့ မြို့မအားကစားကွင်းတွင် ကျင်းပကြောင်းသိရသည်။
    ပြိုင်ပွဲတွင်ရေနံချောင်းမြို့ပေါ်ရှိရပ်ကွက်(၁၄)ရပ်ကွက်မှ ပြိုင်ပွဲဝင်အဖွဲ့များပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို လာရောက်အားပေးသူ မပုံ့ပုံ့က အားလုံးကိုစည်းစည်းလုံးလုံးနဲ့မြင်ရတာ ပျော်တယ်၊ ဒီလိုပြိုင်ပွဲကို နှစ်တိုင်း လုပ်ရင်သိပ်ကောင်းတဲ့အစီအစဉ်ပါဟု ပြောကြားခဲ့သည်။
    အဆိုပါပြိုင်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင့်လွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့ များ ဒေသခံရပ်ကွက်အသီးသီးမှ ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင်အသုံးပြုရန် ကောင်ညှင်းဆန်နှင့် ဆက်စပ်ပစ္စည်းများအားလုံးကို အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၊ဒုတိယ၀န်ကြီးဒေါ်ဝင်းမော်ထွန်းကလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆုရရှိသော ဘေးမဲ့ရပ်ကွက်၊ညောင်လှရပ်ကွက်နှင့် မြေနီခင်(မြောက်)ရပ်ကွက်တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင့်လွင်က ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video