Friday, February 6, 2015

ဂန့်ဂေါ ဖေဖော်ဝါရီ ၅
    ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အဖြစ် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ဖေဖော်ဝါရီ ၅ ရက် က ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း ပုံညာခန်းမတွင် ကျင်းပသည်။
    အဆိုပါပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားဖော်ပြထားသည့်စာအုပ် များအပါအဝင် ပညာရပ် ၁၀ မျိုးမှ စာအုပ်များကို ဝေဝေဆာဆာ ခင်းကျင်းပြသရာ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video