၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ (၅း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များသည် ပခုက္ကူ -ရေစကြို ကားလမ်း၊ ပန်းတိုင်းခြုံကျေးရွာ၊ မိုင်တိုင်အမှတ် (၇/၅) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ ပခုက္ကူ-ရေစကြိုသွား ကားလမ်းအတိုင်း ပခုက္ကူဘက်မှ ရေစကြိုဘက်သို့ ပခုက္ကူမြို့၊ ကျောက်မီးသွေးစက်ရပ်ဝန်းနေသူ ယာဉ်မောင်း မျိုးခင်(ခ)ပေါတာ (၅၂)နှစ်မောင်းနှင်သော ၉ဌ/xxxx ထော်လာဂျီအစိမ်းရောင်ကားသည် ၄င်းလမ်းအတိုင်းရှေ့မှ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံ ကျေးရွာနေ ဦးမြင့်ရွှေ(၅၃)နှစ်စီးနင်းနေသည့် Robinhood အစိမ်းရောင် (မစီး)စက်ဘီးအား နောက်မှ ကျော်တက်စဉ် ၀င်ရောက်ချိတ်မိကာ စက်ဘီးလဲကျပြီး ကားဘီးဖြင့်တက်ကြိတ်မိ၍ ဦးရွှေမြင့်တွင် ဦးခေါင်းကွဲကြေ၊ ဦးနှောက်ထွက်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။ ယာဉ်မဆင် မခြင် မောင်းနှင်သူ ဦးမျိုးခင်(ခ) ပေါတာ အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ) ၂၃/၂၀၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment