၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် (၇း၄၀) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အောင်လံ-ပြည်ကားလမ်းပေါ်၊ ဒုရင်္ဂဗိုလ်ရွာ တောင်ဘက်မိုင်တိုင်အမှတ် ၁၉၉/၄ အနီး၌ ဆိုင်ကယ်တစ်စီးတိမ်းမှောက်ပြီး (၁)ဦးသေဆုံး၊ (၁)ဦး ဒဏ်ရာရရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။
ထိုသို့စစ်ဆေးရာ ၅.၂.၂၀၁၅ ရက်နေ့ ည (၁၁း၄၀) အချိန်ခန့်က ပြည်မြို့မှ အောင်လံမြို့ ဘက် သို့ အောင်လံမြို့နယ်၊ ကွင်းလှကျေးရွာနေ ကျော်သန်းဌေး (၂၄) နှစ် မောင်းနှင်ပြီး နောက်မှတစ်ရွာ တည်း နေ မြင့်ဇော် (၂၂)နှစ် စီးနင်းလိုက်ပါလာသော ၄၂ယ/xxxx တာဘိုစတား-၁၁၀အနက်ရောင် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ကာ ဆိုင်ကယ်မောင်းနှင် သူ ကျော်သန်းဌေးတွင် နှာခေါင်းနှင့်ယာဘက်နားမှ သွေးထွက်ဒဏ်ရာ၊ ၀ဲလက်ဖမိုး/ခြေကျင်းဝတ်/မေးစေ့အောက် ပွန်းပဲ့ဒဏ်ရာ များရရှိသေဆုံးသွားပြီး မြင့်ဇော်တွင် ၀ဲဘက်ပေါင်/လက်သန်း/လက်မ ပွန်းဒဏ်ရာ၊ ၀ဲလက်မောင်း/ ခြေထောက်နာကျင်ဒဏ်ရာတို့ရရှိသဖြင့် ဆိုင်ကယ်မဆင် မခြင်မောင်းနှင် သူ ကျော်သန်းဌေးအား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment