၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည (၈း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရဲစခန်းမြောက်(၃)မိုင်ခန့်အကွာ ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ်၊ ၁၈၉/၅ နှင့် ၆ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ ကြို့ပင်ရွာဘက်မှ သာစည်ရွာဘက်သို့ ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာနေ မြတ်ကျော် (၂၃) နှစ် မောင်းနှင်လာသော ၂၁ယ/xxxx ၊ လန်ဂျား ၁၁ဝ အနက်ရောင်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ ကံမမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာနေ တင်အောင်(၅ဝ)နှစ်မောင်းနှင်သော ၁ဝယ/xxxx ၊ အိပ်ခ်ျဝမ်း ၁၁ဝ အပြာရောင်ဆိုင်ကယ်တို့ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်၊ ၁၈၉/၅ နှင့် ၆ အကြား ၊ ထောက်ကြန့်ပင်ကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိုက်မိသဖြင့် မြတ်ကျော်တွင် ဦးခေါင်းနောက်စေ့ ချိုင့်ဝင်ဒဏ်ရာ၊ နားအုံဖူးရောင်ဒဏ်ရာ (သေဆုံး)ရရှိသေဆုံးသွားပြီး တင်အောင် တွင် ဦးခေါင်းနောက်စေ့ ချိုင့်ဝင်ဒဏ်ရာ (သေဆုံး)ရရှိသေဆုံးသွားကြောင်း သိရှိရသည်။

ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ မြတ်ကျော်နှင့် တင်အောင်တို့အား ကံမမြို့နယ်၊ ကြို့ပင်နယ်မြေ ရဲစခန်း ယာဉ်(ပ) ၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment