Tuesday, February 3, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည (၁၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သံဘိုကြီးကျေးရွာနေ စောထွန်း (၃၅)နှစ်နှင့် တစ်ရွာတည်းနေ တင်မောင်ဝင်း (၄၂)နှစ်တို့သည် အရက်အတူသောက်စားမူးယစ်ပြီး ဦးလှပြောင်နေအိမ်အနီး လမ်းမ ပေါ်တွင် စကားများ ရန်ဖြစ်ရာ စောထွန်းမှ အသင့်ပါလာသော အရိုး(၄)လက်မ၊ အသွား(၇) လက်မ ခန့်ရှိ ဓါးမြှောင်နှင့်ထိုး၍ တင်မောင်ဝင်း၌ ယာဘက်ပေါင်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယောက်ျား တန်ဆာအိမ်၌ ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရ သည်။

 တင်မောင်ဝင်းအား ဓါးနှင့်ထိုးသူ စောထွန်း (၃၅)နှစ်အား အရေးယူပေးရန် ၂.၂.၂ဝ၁၅ ရက်နေ့ တွင် သံဘိုကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းစံ (၆၃)နှစ်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video