Tuesday, February 3, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည (၁၀း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်၊ လက်တံ(၂)မြောင်းဘောင်အနီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရသွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်နေ စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ မိုးသန်းဦး(၄၇)နှစ်၏ ဝါးသက္ကယ်ပေါ် သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၃ ပင်အိမ်၏ ခေါင်းရင်းတိုင်အနီးသွယ်တန်းထားသော ဝါယာကြိုးများ ဆွေးမြေ့ပေါက်ပြဲ ရာမှ ဝါယာရှော့ဖြစ်၍ ဝါးသက္ကယ်(၄)ချပ်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ အနီး ပတ်ဝန်းကျင်နေသူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ည (၁၀း၁၇) အချိန် မီးငြိမ်းသွားပြီး ဝါးသက္ကယ် (၄)ချပ်၊ တန်ဘိုး ၁ဝဝဝိ/- ခန့် ဆုံးရှုံးခဲ့သဖြင့် အိမ်ရှင်ဖြစ်သူ မိုးသန်းဦးအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video