Tuesday, February 3, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကန်ကြီးရပ်ကွက်၊ (၁ဝ)လမ်းနှင့် အလယ်လမ်းဒေါင့်ရှိ ''အောင်မာလာ''ပန်းခြံ အတွင်း နှစ်လုံးထီ လောင်း ကစားပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။ 

''အောင်မာလာ''ပန်းခြံအတွင်း ပန်းခြံညစောင့်၏ အိမ်အနီးသစ်သားကွပ်ပျစ်ပေါ်၌ အောင်လံမြို့နယ်၊ စမ်းချောင်းရပ်နေ မအိအိစိမ့်(၃၈)နှစ် ဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီအိတ်အတွင်းမှ နှစ်လုံးထီ၊ ချဲထီလောင်းကစား စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၆၆၃၅ဝိ/- သိမ်းဆည်း ရမိသဖြင့် မအိအိစိမ့် (၃၈) နှစ်အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၃/၂ဝ၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video