၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်းမြို့နယ်၊ ဆုံတိုက်ရပ်ကွက်၊ သူဌေးကုန်းရပ်နေ ''အောင်သစ္စာ'' အီလက်ထရောနစ်ဆိုင်ပိုင်ရှင် ဦးစိုးမိုးသွင်(၄ဝ)နှစ်သည် ရွှေကြာငုံအနောက်ရပ်၊ လမ်းမတော်ရှိ၎င်း၏ဆိုင်အတွင်းမှ အရောင်း ပစ္စည်းများ အားစစ်ဆေးရာ ရောင်းချရန် ဘီဒိုထဲတွင်ထည့်သွင်းပြသထားသော ဟန်းဆက် (၅)လုံး တန်ဖိုး ၄၉၃ဝဝဝိ/- မှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် လိုက်လံစုံစမ်းရှာဖွေနေစဉ် ရေနံချောင်း မြို့မရဲစခန်းတွင် ခိုးမှု မသင်္ကာဖြင့်စစ်ဆေးလျှက်ရှိသော ရေနံချောင်းမြို့၊ ရွှေကြာငုံ အေးကုန်း အနောက် ပိုင်းရပ်ကွက်နေ ၊ ကျော်သူသန့်(၁၇)နှစ်မှ ခိုးယူခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဟန်းဆက်များ ခိုးယူသူ ကျော်သူသန့် (၁၇)နှစ်အား အရေးယူပေးပါရန် ၄.၂.၂ဝ၁၅ ရက်နေ့တွင် ဦးစိုးမိုးသွင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၅/၂ဝ၁၅ ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment