Wednesday, February 4, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ရက်နေ့ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဆောမြို့နယ်အတွင်း ဖဲလောင်းကစား ပြုလုပ်နေသူများကို အရေးယူထားရှိကြောင်း သတင်းရရှိ ပါသည်။

ဖြစ်စဉ်မှာဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကျောက်ထု၊ အမှတ်(၅) ရပ်ကွက်နေ ဦးမောင်မောင်(၆၀)နှစ်၏ နေအိမ်တွင် ဖဲလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် ၁/၂၀၁၅ ဖြင့် ၀င်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း၊

နေအိမ်အတွင်း၌ ဦးမောင်မောင် နှင့်အတူ အမှတ် (၄)ရပ်ကွက်နေသူ နေမျိုးမြင့်(၃၉)နှစ်၊ ပိန္နဲပင်ကျေးရွာ နေ သူ မခင်ဝ(၄၆)နှစ်၊ အမှတ်(၆)ရပ်ကွက်နေသူ ဇော်မင်း(၂၇)နှစ် နှင့် အမှတ်(၄)ရပ်ကွက်နေသူ မင်းနိုင် (၃၀)နှစ်တို့(၅)ဦးအား ဖဲလောင်းကစား ပြုလုပ်နေစဉ် ဖဲလောင်းကစားရာတွင် အသုံးပြုသော ဖဲချပ် များနှင့်အတူ ငွေစက္ကူ ရောရာ ၆၁၀၀၀ိ/- တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဖဲလောင်းကစား ပြုလုပ်သူ ဦးမောင်မောင် ပါ(၅)ဦးတို့အား ဆော မြို့နယ်၊ ကျောက်ထု နယ်မြေရဲစခန်း (ပ)၅/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video