Thursday, February 5, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲ မြို့နယ်၊ ပဒါန်းလမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ငဖဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးရာ ပုသိမ်-မုံရွာ ကားလမ်းမိုင်တိုင်အမှတ် ၂၅၄/၅ နှင့် ၂၅၄/၆ အကြားရောက်တွင် ပဒါန်းဘက်ရွာဘက်မှ စည်သာရွာဘက်သို့ မင်းလှမြို့နယ်၊ ကံကျွန်းကျေးရွာနေ ထွန်းနိုင် (၂၅)နှစ်သည် ၄၃ယ/xxx နံပါတ်ပါ ဒါယန်း ၁၂၅ ဖြူ/နက်ကြားဆိုင်ကယ်နောက်တွင် တစ်ရွာတည်းနေ သိန်းဇော် (၂၂)နှစ်အား တင်ဆောင်၍ အရှိန်ပြင်းစွာမောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေးတွင် စက်ပျက်၍အင်ဂျင်ဖြုတ်ကာ ရပ်ထားသော ၄ခ/xxxx ဖူဆိုမှန်လုံယာဉ် ခရီးသည်တင်ကား၏ နောက်မြီး ဝဲဘက်ခြမ်းအား ဝင်ရောက်တိုက်မိပြီး ရှေ့မှမောင်းနှင်သူ ထွန်းနိုင်သည် ဦးခေါင်း ဝဲဘက်ခြမ်း ပေါက်ပြဲ သွေးထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး နောက်မှ စီးနင်း လိုက်ပါ လာသူ သိန်းဇော် တွင် နှာခေါင်းသွေးထွက်၊ ပါးစပ်မှသွေးအန်၊ အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖျံပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

 ဆိုင်ကယ်အား မဆင်မခြင်စီးနင်းမောင်းနှင်သူ ထွန်းနိုင် (၂၅)နှစ်အား ငဖဲမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video