၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ပခုက္ကူမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့ပေါ်တွင် နယ်မြေသတင်း စုံစမ်းနေစဉ် ဗိုလ်ချုပ် လမ်းပေါ် ဖန်ခါးပင်ဘုန်းကြီးကျောင်းရှေ့၌ ပခုက္ကူမြို့၊ အမှတ်(၁ဝ) ရပ်ကွက်နေ မောင်ဇော် (ခ) ဇော်ဇော်၊ ၁၉ နှစ်အား နံပါတ်မပါ ကန်ဘို ၁၂၅ အစိမ်းရောင်ဆိုင်ကယ်(၁)စီးနှင့်အတူ မသင်္ကာ ဖွယ်ရာ တွေ့ရှိရ သဖြင့် မေးမြန်းရာ ၄င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြသပြော ဆိုနိုင်ခြင်း မရှိကြောင်း စစ်ဆေးသိရှိရသည်။
ဆိုင်ကယ်အား တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိရ၍ မောင်ဇော်(ခ) ဇော်ဇော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment