Thursday, February 5, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည (၁၁း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်အတွင်းရှိ ဆုတောင်းပြည့်ဘုရားပွဲတော်တွင် ကပြနေသည့် မြနန်းတော် ဇာတ်ရုံဝင်ပေါက်တွင် နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လုံခြုံရေး ဆောင်ရွက်နေစဉ် နတ်မောက်မြို့နယ်၊ (န)လက္ခုပ္ပင်ကျေးရွာနေ အောင်မျိုးဝင်း(၂ဝ)နှစ်အား မသင်္ကာ၍ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

နတ်မောက်မြို့နယ်၊ (န)လက္ခုပ္ပင်ကျေးရွာနေ အောင်မျိုးဝင်း(၂ဝ)နှစ်၏ခန္ဓာကိုယ်တွင် လွယ်ထားသော အနက်ရောင်လွယ်အိတ်အတွင်းမှ အရိုးအသွား (၆)လက်မခွဲခန့်ရှိ သစ်သားရိုးတပ် ဓါးအိမ်တွင် ထည့်လျှက် ဓါးဦးချွန်ဓါးမြှောင်(၁)ချောင်းအား တွေ့ရှိရသဖြင့် ခွင့်ပြုချက်မရှိဘဲ ပွဲခင်းအတွင်း ဓါးမြှောင် ကိုင်ဆောင်သူ အောင်မျိုးဝင်းအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၂/၂ဝ၁၅၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video