၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည (၈း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗွီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကြည်စိုး၊ စည်ပင် အမှုဆောင်အရာရှိ ဦးရှိန်မြင့်မောင်၊ ပြန်/ဆက်ဦးစီးဌာနမှူး ဦးမျိုးမြင့်အောင်၊ ရေလည်ကျွန်း ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တို့နှင့်အတူ ရေလည်ကျွန်းကျေးရွာ တောင်ဖျားရှိ ဦးထွန်းနိုင် နေအိမ်ရှေ့ လမ်းပေါ် တွင်တွေ့ရှိသည့် ရေလည်ကျွန်းကျေးရွာနေ မဆွေဆွေမွန်(၃ဝ)နှစ်အား သတင်းအရရှာဖွေ စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရှာဖွေစစ်ဆေးခဲ့ရာ မဆွေဆွေမွန်(၃ဝ)နှစ် ကိုင်ဆောင်ထားသော ပလပ်စတစ်ခြင်းငယ် အစိမ်း ရောင် အတွင်းမှ လိုင်စင်မဲ့ခိုးကူးခွေ(၃၁)ခွေ၊ စာအုပ်/စာရွက်၊ ငွေစက္ကူရောရာ ၂၁ဝဝိ/-တို့ကို တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိပြီး အခကြေးငွေဖြင့်ငှားရမ်းသူ မမွန်မွန်ဆွေအား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၉/၂ဝ၁၅၊ ရုပ်မြင်သံကြားနှင့်ဗွီဒီယိုဥပဒေပုဒ်မ ၃၂(ခ) အရ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment