၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည (၁၀း၅၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပေါက်-ပခုက္ကူကားလမ်း၊ မိုင်တိုင်အမှတ် ၃၃/၅ အနီးတွင် မုံရွာမြို့၊ စက်မှု (၁) ရပ်နေ သိုင်းဝင်း (၃ဝ)နှစ် မောင်းနှင်ပြီး ညောင်ဦးမြို့နယ်၊ တူဒေါင်းသီတင်ကျေးရွာနေ ယာဉ်နောက် လိုက်ဖြစ်သူ အောင်ကိုလတ် (၂၅)နှစ်နှင့် မုံရွာမြို့၊ စက်မှု(၁)ရပ်နေ နတ်မောက်(၃၅)နှစ်တို့ လိုက်ပါ လာသော ၆က/xxx (၁၂)ဘီး L6 နစ်ဆန်းအမျိုးအစားလိမ္မော်ကြားရောင်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရေနံစိမ်းတွင်း တိမ်လက်ယက်တွင်းမှထွက်ရှိသော ရေနံစိမ်းများ အား မုံရွာမြို့သို့ သယ်ဆောင်ခွင့်ပြုချက်ဖြင့် ကူးကားဒေသရေနံလုပ်ကွက်မှ မုံရွာမြို့သို့ ရေနံစိမ်းပေပါ (၅ဝ)အား သယ်ဆောင်ခွင့်ပြုသော်လည်း ရေနံစိမ်းပေပါ(၅ဝ)၊ ဂါလံအားဖြင့် (၂၅ဝဝ) ဂါလံခန့် ပိုမို သယ်ဆောင် ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သယ်ဆောင်ခွင့်ရသည့် ရေနံစိမ်း (၅ဝ)ပေပါ ထက် ကျော်လွန်၍ ရေနံ သယ်ဆောင်သူ သိုင်းဝင်း၊ အောင်ကိုလတ်နှင့် နတ်မောက်တို့(၃)ဦးအား ပေါက် မြို့နယ်၊ ရေပြာ နယ်မြေရဲစခန် (ပ)၁၁/၂ဝ၁၅၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၉ အရ အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment