ဆီထွက်သီးနှံများ အများဆုံးစိုက်ပျိုးသည့် မကွေးတိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ တန်ဖိုးမြှင့်ထုတ်ကုန်များရရှိရေးအဆွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနကကြီးမှူးပြီး ယနေ့နံနက်(၉)နာရီက မကွေးမြို့ ကုန်စည်ဒိုင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နာယက ဦးထွန်းဆိုင်နှင့် ဥက္ကဌ ဦးနေလင်းအောင်တို့က နှုတ်ဆက်စကားပြောကြားပါသည်။
အဆိုပါသင်တန်းတွင် ဒေသတွင်းထွက်ရှိသည့်ဆီထွက်သီးနှံများကို ဈေးကောင်းရရှိမည့် မျိုးစေံများရွေးချယ်စိုက်ပျိုနိုင်ရေးပညာပေးဆောင်ရွက်ရန်၊ အရည်အသွေးစံချိန်စံညွှန်းများထိန်းသိမ်းနိုင်ရေး ပညာပေးရေး၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ၊ ပိုးသတ်ဆေးသုံးစွဲရာ ဓါတုပိုးသတ်ဆေးကြွင်းအန္တရာယ်နှင့် စားသုံးသူအကာအကွယ်ပေးရေးစသည့် ဖြင့်ဘာသာရပ်(၆)မျိုးပို့ချမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးထုတ်လုပ်သည့်တောင်သူများနှင့် ကုန်သည်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ စုစုပေါင်းသင်တန်း သား(၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ ၁၇.၁.၂၀၁၅ မှ ၁၈.၂.၂၀၁၅ထိ (၂)ရက်ကြာဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။
Tuesday, February 17, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment