၂၀၁၅-၂၀၁၆ ခုနှစ်စိုက်ပျိုးရာသီမိုးနှမ်းl မိုးမြေပဲl မိုးစပါးစသည့်သီးနှံများ တစ် ဧကအထွတ်နုန်းတိုးတက် စေရေး မျိုးကောင်းမျိုးသန့်များ ရွေးချယ်၍တောင်သူများ၏မျိုးလိုအပ်ချက်များ ဖြန်ဖြူးရောင်း ချသွား မည့်လုပ်ငန်းစဉ်များကို တောင်တွင်းကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး တွင်ဖေဖော်ဝါရီ ၁၆ ရက်ညနေပိုင်းကညှိနိုင်းဆွေးနွေးခဲ့ကြရာ မြို့နယ်အုပ်ချု ပ်ရေးမှူးဦးသိန်းဇော်ကတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေသီနှံများ တစ်ဧကအထွတ်နုန်းတိုးတက်စေရန်လိုအပ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးထွန်းမြင့်က
၂၀၁၄-၂၀၁၅ခုနှစ်မိုးသီးနှံlမိုးစပါးနှင့်စံပြစမ်းသပ်ကွက်များအောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်မှု
အခြေအနေများမြေပဲနှင့်နွေနှမ်းသီးနှံအဖြစ်ဆင်းရတနာ(၁၃)
မျိုးအားပုဂံကုန်းကျေးရွာနှင့်ကုက္ကိုခွကျေးရွာတို့တွင် ဧက ၅၀ ခန့်စမ်းသပ်စိုက်ပျိုးခဲ့ရာအောင်မြင်ဖြစ်ထွန်း လျှက်ရှိကြောင်းရှင်းလင်းဆွေးနွေးသည်။
ကျွန်တော်တို့ခုနှစ်မြို့်ုနယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် နွေနှမ်းအဖြစ် ဆင်းရတနာ (၁၃)မျိုး အား ၁၅ ဧကခန့်မြေအောက်ရေအသုံးပြု၍နာနိုနည်ပညာဖြင့်ဖော်စပ်ထား သောသဘာဝအော်ဂဲနစ် နတ်မြေသြဇာကိုအသုံးပြု၍စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းသဖြင့်တစ်ဧကလျှင် ၁၅ တင်းမှ ၂၀
တင်းအထိထွတ်ရှိမည်ဖြစ်သလို စားသုံးသူပြည်သူများအနေဖြင့်ဓာတုပိုးသတ်ဆေးလုံးဝသုံးစွဲခြင်းမရှိပဲ စိုက်ပျိုး ခဲ့ သဖြင့်အန္တရာယ်ကင်းရှင်းပြီးစိတ်ချယုံကြည်စွာစားသုံးနိုင်မည်ဖြစ်ကြောင်းပုဂံကုနးကျေးရွာ မှတောင်သူဦးဖိုးရီကရှင်းလင်းပြောကြားသည်။
Tuesday, February 17, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment