Saturday, February 21, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၀၆း၂၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်/လမ်း စည်းကမ်း ဆောင် ရွက် နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ပခုက္ကူမြို့၊ သီတာလမ်းအတိုင်း ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ဘက်မှ မြို့တွင်းသို့ အမှတ်(၃)ရပ်ကွက် နေသူ ဝေယံကျော် (၁၇)နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရပ်ကွက် တည်းနေ ဇော်ဝင်းရွှေ (၂၉)နှစ် လိုက်ပါလာသည့် နံပါတ်မပါ ဆမ်ဘို ၁၂၅ နီနက်ကြား ဆိုင်ကယ်သည် မိုင်တိုင် အမှတ် (၃)၊ မြို့ရှောင်လမ်းဆုံ အရောက် မြို့ရှောင်လမ်းအား ဖြတ်မောင်းစဉ် မြို့ရှောင်လမ်းမကြီး အတိုင်း အနောက်မှ အရှေ့သို့ ပခုက္ကူမြို့၊ စက်မှုဇုံရပ်နေသူ ချစ်မိုးဟိန်း(၂၄) မောင်းနှင်လာသည့် ၂၃ယ/၅၉၇၆၄ ကန်ဘို ၁၂၅ အစိမ်းရောင် ဆိုင်ကယ်အား ၀င်ရောက်တိုက်မိသဖြင့် ချစ်မိုးဟိန်း တွင် ယာမျက်ခုံးကွဲ၊ နှာခေါင်း သွေးထွက် ဒဏ်ရာရရှိ သေဆုံးသွားကြောင်းနှင့် ဝေယံကျော် တွင် ယာနဖူးပေါက် ပြဲ၊ နှာခေါင်း သွေးထွက်၊ နားသွေးထွက်ဒဏ်ရာရရှိ သေဆုံး သွားခဲ့ပြီး ဇော်ဝင်းရွှေတွင် ယာခြေသလုံးကျိုး၊ ၀ဲတံတောင်ပွန်း၊ ၀ဲခြေချောင်းပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ ဝေယံကျော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂၇/၂၀၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video