လယ်ယာသုံးစက်ကရိယာဝယ်ယူထားသည့် တောင်သူများကိုယ်တိုင် စက်ရိယာများအား ကျွမ်းကျင် စွာ မောင်းနှင် အသုံးပြုနိုင်ရန်ရေးအတွက် Daedong လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်း သင်တန်းကို ယနေ့နံနက်(၁၀)နာရီက မကွေးမြို့ ဘုရားပြို ကျေးရွာတွင်ပြုလုပ်ပါသည်။
သင်တန်းတွင် မကွေးတိုင်းဒေသကြီး သမ၀ါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်အောင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး အသင်းစုချုပ် ဥက္ကဌ ဦးဘိုအောင်က ရှင်းလင်းပြောကြားပါသည်။
ယင်းသင်တန်းတွင် သင်တန်းနည်းပြအဖြစ် တောင်ကိုရီးယားသမ္မတနိုင်ငံမှ Mr.Kim Weon Seagနှင့် Mr. Ham Yeong Gil တို့မှ ပို့ချမည်ဖြစ်၍ မကွေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား(၆၃)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁၉.၂.၂၀၁၅မှ ၂၁.၂.၂၀၁၅)ထိ(၃)ရက်ကြာပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment