၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၀၃း၅၉ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ အောင်ရတနာ ရပ်ကွက်အတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိပါသည်။
မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၆)လမ်း နေသူ ကောင်းမွန်ပုဂ္ဂလိကဆေးရုံ လျှပ်စစ်ကျွမ်းကျင် နောက်လိုက် ၀န်ထမ်း အောင်ကျော်လွင် (၃၃)နှစ် သည် မကွေးမြို့၊ အောင်ရတနာ ရပ်ကွက်၊ ကားကြီးကွင်းအနောက် ဘက်၊ အဝေရာလမ်းပေါ်ရှိ ကောင်းမွန်ဆေးရုံ မြေညီထပ်တွင် လျှပ်စစ်မိန်းခုံ အခန်း အတွင်း မိန်းခုံအဟောင်း မှ မိန်းခုံအသစ်သို့ ၀ါယာကြိုးများ ချိန်းပြောင်း တပ်ဆင်စဉ် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး ၀ါယာကြိုးများ မီးလောင်ကျွမ်းကာ စက္ကန့်(၃၀)အကြာ မီးငြိမ်းသွားခဲ့ပြီး တန်ဘိုး (၁၀၀၀ိ/-)ခန့် ဆုံးရှုံး သွားသဖြင့် လျှပ်စစ်မီးအား ပေါ့ဆစွာသုံးစွဲသူ အောင်ကျော်လွင်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၄၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment