Thursday, February 26, 2015

ချောက်          ဖေဖော်ဝါရီ ၂၅ ရက်
      မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်စက်မှုလက်မှုသိပ္ပံကျောင်းတွင် Public Digital Library Service စက်ကိုယနေ့နေ့လယ် ၁၃း၄၅ အချန်ကတပ်ဆင်စတင်ထားရှိဆောင်ရွက်ခဲ့သည်။
      ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာ ကဆရာ/ဆရာမများ ပညာရေးဝန်ထမ်းများ ၊ကျောင်းသား/ကျောင်းသူများအား pdls အသုံးပြုနည်းလမ်း အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေး မှုများပြုလုပ်၍ Laptop နှင့် Moblie Ph်one တို့ဖြင့်ချိတ်ဆက်ပြီး လက်တွေ့ အသုံးပြုနိုင်ရေး သရုပ်ပြမှုမျာ်းဆောင်ရွက်ပေ်းခဲ့သည်။
     ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းထွန်း ကလည်းအခုလို pdls စက်များထားရှိဆောင် ရွက်ပေးခြင်း ကြောင့်ဆရာ/ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၊မိမိကျောင်းရှိဝန်ထမ်းများ
အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်လာပြီး အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာမည်ဖြစ်၍ ပြန်/ဆက်ဦးစီးဌာနကို အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြောင်း ၊ကျောင်းသား/သူများကလည်း အားလပ်ချိန်များတွင် ပိုက်ဆံ မကုန်ဘဲစာပေများကို အလွယ်တကူလေ့လာ နိုင်ခြင်း ၊မိမိသိရှိလိုသောအကြောင်းအရာများကို Download ဆွဲ၍ သိမ်းထားနိုင်ခြင်းတို့ကြောင့် သဘောကျကြိုက်နှစ်သက်ကြောင်း နှင့် ၀န်းကျင်ရှိပြီး ဆရာ/ဆရာမ နှင့်ဝန်ထမ်း ၁၁၃ ဦး ၊ကျောင်းသား /ကျောင်းသူ ၁၁၀၇ ဦး ၊စုစုပေါင်း ၁၂၂၀ ဦးရှိပြီး လက်တွေ့အသုံးပြုသူ (၁၀၀)ဦးခန့်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video