Thursday, February 26, 2015

ချောက်      ဖေဖော်ဝါရီ ၂၅ ရက်
        ဆောင်းအကုန်နွေအကူး ခြောက်သွေ့ပူပြင်းသောရာသီသို့ရောက်ရှိလာပြီဖြစ်၍
 ပြည်သူတို့၏ အသက်အိုးအိမ်များ မီးဘေးအန္တရာယ် မကျရောက်စေရေး ၊မီးလောင်မှုဖြစ်ပွားပါက
အချိန်မီ မီးငြိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ပူးပေါင်းဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြည်သူ့ဈေးတွင် ကျင်းပပြုလုပ်ခဲ့သည်။မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင် နှင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရဲထွေးအောင်တို့ကဇာတ်တိုက်လေ့ကျင့်မည့် လုပ်ငန်းများကိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ ၊မြို့နယ်အထောက်အကူ ပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကြီးကြပ်မှုကော်မတီဝင်များ ၊ဈေးမိ ဈေးဘနှင့်ဈေးရုံအလိုက်ကိုယ်စားလှယ် များအားရှင်းလင်းတင်ပြခဲ့ကြသည်။
                သတ်မှတ်ချိန် ၁၁ နာရီတွင် မီးသတ်ယာဉ်များနှင့်တပ်ဖွဲ့ဝင်များသည် သတ်မှတ်နေရာ များသို့ရောက်ရှိနေရာ များသို့ရောက်ရှိနေရာယူခြင်း၊ မီးငြိမ်းသတ်ခြင်းလုပ်ငန်း စဉ်များကို ဆောင်ရွက်ခဲ့ ကြကြောင်းသတင်းရရှိသည်။မြို့နယ်ပြည်သူဈေးတွင် ဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်ရှိ၍ အကျယ်အ၀န်းပေ ၃၀၀ ပတ်လည်ခန့်ရှိကြောင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန် ၄ ကန်ရေနုတ် ရေလိုင်း ၃လိုင်း ၊ဒိုင်းရှင်းမီးသတ်အင်အား ၁၇ ဦးထား ရှိ၍အလေးထားဆောင်ရွက် လျက်ရှိကြောင်း ယခုကဲ့သို့ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်၍ဖြစ်ပွားလာပါက အလျင်အမြန် ငြိမ်းသတ်နိုင်ရေးစီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုသို့ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့ဖြစ်သည့် မနောဖြူလူမှုရေးအသင်းမှ အင်းအားများစုစည်း၍ မြို့နယ်မီးဘေးကြိုတင်ကာကွယ်တားဆီးရေး ကော်မတီမှ လမ်းညွှန်မှုကိုခံယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးထင်အောင်မှပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video