၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်းမှူးမှ တပ်ဖွဲ့ဝင်များသည် ပွင့်ဖြူ-မင်းဘူးသွားကားလမ်း မိုင်တိုင်အမှတ် ၂ဝ/၇ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
ပွင့်ဖြူ-မင်းဘူးသွားကားလမ်း မိုင်တိုင်အမှတ် ၂ဝ/၇ အနီးတွင် မင်းဘူးမှ ပွင့်ဖြူဘက်သို့ ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာနေ ဇော်ဌေးအောင်(၁၇)နှစ် မောင်းနှင်ပြီး နောက်မှတစ်ရွာတည်းနေ မသက်သက်နွယ် (၃ဝ)နှစ် လိုက်ပါလာသည့် ၂၄ယ/xxx ဒါရန်း ၁၂၅ မီးခိုးရောင်ဆိုင်ကယ်နှင့် ပွင့်ဖြူမှမင်းဘူးဘက်သို့ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာနေ အောင်အောင်(၁၈)နှစ် မောင်းနှင်ပြီး နောက်မှတစ်ရွာတည်နေး ဒေါ်မာကြူ လိုက်ပါ လာသော နံပါတ်မပါ လော့ဂျာ ၁၁ဝ စိမ်းပြာရောင်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိမ်းရှောင်စဉ် နောက်မှ ထိုင်လိုက်သူအချင်းချင်း ဒူးခေါင်းချင်းတိုက်မိပြီး ဆိုင်ကယ်ပေါ်မှ မသက်သက်နွယ်ပြုတ်ကျ၍ ဦးခေါင်းနောက်စေ့ဖူးရောင်၊ ဝဲ/ယာဒူးခေါင်းနာကျင်ဒဏ်ရာများရရှိ ခဲ့ကြောင်း သိရှိရသည်။

ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ ဇော်ဌေးအောင် နှင့် အောင်အောင်တို့အား ပွင့်ဖြူမြို့နယ်၊ မြို့မ ရဲစခန်း ယာဉ်(ပ)၅/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment