Thursday, February 19, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ချောက်မြို့နယ်၊ ချောင်းဦးရွာသစ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ချောက် မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိ ပါသည်။

ချောက်မြို့နယ်၊ ချောင်းဦးရွာသစ် ကျေးရွာနေ ဦးပေါလှ (၅၅)နှစ်၏ (၄)ပင်ပတ်လည်၊ အုတ်ညှပ်၊ သွပ်မိုးနေအိမ်ရှိ မီးဖို မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ရွာသူရွာသားများမှ ဝိုင်းဝန်း မီးငြိမ်း သတ်ကြရာ ဝ၉ဝဝ အချိန် မီးလုံးဝငြိမ်းသွားခဲ့၍ မီးလောင်မှုကြောင့် လူနေအိမ် (၇)လုံး (၄ ပင်ပတ်လည်၊ အုတ်ညှပ်၊ သွပ်မိုး(၁)လုံး၊ ၄ ပင်ပတ်လည်၊ ထရံကာ၊ သွပ်မိုး(၁)လုံး၊ ၃ ပင်ပတ်လည်၊ ထရံကာ၊ သွပ်မိုး (၃)လုံး၊ ၃ ပင်ပတ်လည်၊ ထရံကာ၊ ထန်းရွက်မိုး (၂)လုံး) တန်ဖိုး ၃၉၂ဝဝဝိ/-ခန့်ဆုံးရှုံး သွားခဲ့ပြီး အိမ်ထောင်စု ၉ စုမှ ကျား ၁၉ ဦး၊ မ ၂၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရှိရသည်။ 

မီးပေါ့ဆစွာအသုံးပြုသူ ဦးပေါလှ (၅၅)နှစ်အား ချောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၄/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video