၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည (၁၀း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကန်တုတ်-စစ္စနို့ ကားလမ်းမိုင်တိုင် အမှတ် ၁ဝ/၁ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
ကန်တုတ်-စစ္စနို့ ကားလမ်းမိုင်တိုင်အမှတ် ၁ဝ/၁ အနီးတွင် ဒီးဒုတ်ကုန်းဘက်မှ ရေနံမဘက်သို့ တရားပွဲ မှပြန်လာသော မင်းလှမြို့နယ်၊ ရွာသာလှကျေးရွာနေ အောင်ချွန်(၂၅)နှစ် မောင်းနှင်သည့် ၁ဂ/xxx ဟိုင်းလတ်အဖြူရောင် မော်တော်ယာဉ်အား ဒီးဒုတ်ကန်မှ ရေနံမဘက်သို့ မင်းလှမြို့နယ်၊ ဓါတ်ကုန်းကျေးရွာနေ စိုးနိုင်(၃၈)နှစ် မောင်းနှင်သည့် 7I/xxxx ကင်ဒါအဖြူရောင်ယာဉ်မှ ကျော်တက်စဉ် ယာဉ်နောက်ပိုင်းနှင့် ဟိုင်းလတ်ယာဉ် ဦးခေါင်းပိုင်းအားတိုက်မိပြီး ယာဉ်(၂)စီးလုံး တိမ်းမှောက်သွား၍ ဟိုင်းလတ်ယာဉ်ပေါ်ပါ ခရီးသည် (၅)ဦး၊ ကင်ဒါယာဉ်ပေါ်ပါခရီးသည်(၂၉)ဦး၊ စုစုပေါင်း ကျား ၅ ဦး၊ မ ၂၉ ဦး၊ ပေါင်း (၃၄)ဦး တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ရေနံမတိုက်နယ်ဆေးရုံသို့ ပို့အပ်၍ ဆေး ကုသမှုခံယူစေခဲ့ကြောင်း သိရှိရသည်။

ယာဉ်အားမဆင်မခြင်မောင်းနှင်ကျော်တက်သူ စိုးနိုင် (၃၈)နှစ်အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်း ယာဉ်(ပ)၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment