ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ထီးလင်းမြို့နယ် ဆင်စွယ်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးလက်လူငယ် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၅ ရက်ထိဖွင့်လှစ်ခဲ့ရာ ကျေးရွာ ၁၃ ရွာ မှ သင်တန်းသား ၆၅ ဦးတို့တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ဖွဲ့စည်းပုံ ၊ ဆောင်ရွက်လျှက်ရှိ သောလုပ်ငန်းများ၊ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး
တက်ရေးလုပ်ငန်းများ၊ တိရစ္ဆာန်များတွင်ဖြစ်ပွါးတတ်သောကူးစက်ရောဂါများ နှင့် ရောဂါကာကွယ်ရေး၊ မွေးမြူထုတ်လုပ်ဖြန့်ဖြူးရေး၊ ကူးစက်ရောဂါများ ပြန့်နှံ့မှုမရှိရေးတို့ကို ပို့ချဆွေးနွေးကြကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရာသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်ရောက်ရှိ၍ သင်တန်းသားများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျေးလက်နေပြည်သူများဘဝ မြင့်မားတိုးတက်
ရေးနှင့် ပတ်သက်သည်တို့ကို ဖြည့်စွက်ဆွေးနွေးသွားကြောင်း သိရသည်။
Thursday, February 19, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment