Thursday, February 19, 2015

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ချိုက်ကျေးရွာ၌အိမ်ခြေ(၃၅၀)ရှိသည့်အနက် အိမ်ခြေ(၁၅၀)ခန့်မှာ    ပန်ဘဲလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ၀င်ငွေတိုးပွါးရရှိကြောင်းယင်းဒေသ၌ ပန်ဘဲလုပ်ငန်း လုပ်ကိုင်ရာတွင် အထည်ညှက်  ကပ်ကြေး၊ဆံပင်ညှပ်ရာတွင် အသုံးပြုသည့် ဆံပင်ညှပ်၊ဆံပင်ပါးကပ်ကြေး၊ရွှေကိုက်၊ကွမ်းသီးညှပ်၊ပန်းပင်ကိုက်ရာ    အသုံးပြု့သည့် ပန်းပင်ညှပ် ကပ်ကြေး၊အသီးအရွက် လှီးရာတွင်အသုံးပြုသည့် သားလှီးဓါး စသည့် ပစ္စည်းများ        လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိသားစု ၀င်ငွေတိုးပွါးရရှိကြောင်း သိရသည်။
အဆိုပါ ပန်ဘဲလုပ်ငန်းတွင် သက်တမ်းရှည်စွာ လုပ်ကိုင်သူတစ်ဦးက ယခင်က ပန်ဘဲလုပ်ငန်းလုပ်ကိုင်ရာ    တွင် ကုန်ကြမ်းအဖြစ် ပိုက်လုံးသံဖြင့် ပြုလုပ်ဆောင်ရွက်ရသဖြင့် ကုန်ကြမ်းပြတ်မှု့များ ကြုံတွေ့ခဲ့ရကြောင်း ယခု   အခါ အိမ်ဆောက်ပစ္စည်းများတွင် သုံးသည့် ငါးမူး၊သုံးမတ် သံချောင်များဖြင့် ဆောင်ရွက်ရသဖြင့် ယခုဆိုလျှင်       အချိန်မရွေး လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး အထည်ကိုက် ကတ်ကြေး လုပ်ကိုင်သူတစ်ဦးသည် တစ်နေ့လျှင်(၄)ချောင်း    ခန့်လုပ်ဆောင်နိုင်ကြောင်း ကတ်ကြေးတစ်ချောင်းအရင်းကျသင့်ငွေမှာ(၄၀၀)ကျပ်လောက် ရှိပြီး ပြန်ရောင်းရသည့်   ဈေးမှာ ယခင်က (၁၁၀၀)ကျပ်မှ ယခု (၁၃၀၀)ကျပ် အထိ ရောင်းချရသောကြောင်း ကပ်ကြေးတစ်ချောင်း ကျပ်(၉၀၀)ကျပ် ကျန်ရှိကြောင်း လေးချောင်းလုပ်ကိုင်ပါက ကျပ်(၃၆၀၀)ကျပ်မိသားစု ၀င်ငွေတိုးပွါးလျှက်ရှိကြောင်း   ပန်ဘဲလုပ်ငန်းဖြင့် အထည်ကိုက် လုပ်ကိုင်သူတစ်ဦးထံက သိရသည်။
အဆိုပါ ကပ်ကြေးများ ၀ယ်ရောင်းလုပ်ကိုင်သူတစ်ဦးက မိမိကျေးရွာ ပန်ဘဲဖိုများမှ ပစ္စည်းများအား ရရှိ       သလောက်ဝယ်ယူပြီး မကွေး၊ရန်ကုန်၊မန္တလေးနှင့် (၁၂)ပွဲ ပွဲတော်များတွင် လိုက်လန်ရောင်းချသည့် သံထည်ပစ္စည်း   ဆိုင်များသို့ သွားရောက် ရောင်းချရပြီး ယခုလို ရွှေစက်တော်ပွဲတော်ရက်များတွင် မကွေး ကုန်သည်များတွင် ပိုမို   ရောင်းချရကြောင်းသံထည် ပစ္စည်းများ ၀ယ်ရောင်းလုပ်ကိုင်သူတစ်ဦးထံက သိရသည်။
                                                                                                           ဇော်ထက်(သရက်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video