မွေးမြူရေး ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက် လူငယ်စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ်(၂/၂၀၁၅) သင်တန်းဖွင့်ပွဲကို ဖေဖေါ်ဝါရီ ၁၈ ရက်နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ ခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးဦးတင့်ဇော် မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အချက် (၈)ချက်ကို အကျယ်တဝန်းရှင်းလင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုမြို့နယ်အုပ်ချူပ်ရေးမှုးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား(၇၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းပို့ချမည့် ဘာသာရပ်မှာ မြေယာဥပဒေ၊စိုက်ပျိုးရေး၊မွေးမြူရေး ၊ ကျေးလက်မီးလင်းရေး ၊မြစိမ်းရောင် ကျေးရွာစီမံကိန်း၊လမ်း၊တံတား၊ရေပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်း စသည့်ဘာသာရပ်များကို သင်တန်းဆရာ (၈)ဦးနှင့်သင်တန်းပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
လှဝင်း
0 comments:
Post a Comment