မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏
မြ၀တီခန်းမ၌ ဖေဖေါ်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီက ၂၀၁၅-တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကြီးကြပ်ရေးမှူးများ၊လက်ထောက်ကြီးကြပ်ရေးမှူးများနှင့်စာဖြေသူများလိုက်နာရန်စည်းကမ်းချက်များကို မြို့နယ်အဆင့်၊ ဆင့်ပွားထပ်ဆင့်ဆွေးနွေးပွဲသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပညာရေးမှူးဦးအောင်ကျော်မိုးက အဖွင့်အမှာစကား
ပြောကြားပြီးနောက် အမှတ်(၂)အခြေခံပညာဦးစီးဌာန၊မန္တလေးမြို့တွင်သွားရောက် သင်တန်းတက်ခဲ့ကြသောဆရာများက သင်တန်းပို့ချခဲ့ကြပြီး သင်တန်းကာလမှာ ၂ ရက် ဖြစ်ကြောင်းသိရသည်။ ကျော်ဇေယျဝင်း
Thursday, February 19, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment