မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ချောင်းကူးအုပ်စု၊ ချောင်းကူးကျေးရွာတွင် ကျေးလက်နေ ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ ဗဟုသုတမြင့်မားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ငွေကျပ်(၄၀)သိန်းကျော် ကုန်ကျသော လူငယ့်အားမာန်အလင်းတံခါး စာကြည့်တိုက်ကို ဖေဖော်ဝါရီ ၁၅ နံနက် ၉နာရီက အဆိုပါစာကြည့်တိုက်အဆောက်အအုံရှေ့၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုစားလှယ် ဦးခင်မောင်ညို၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကိုကို၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးစောမြင့်ခိုင်က စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထိုနောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်ပြန်/ဆက် ဦးစီးမှူးတို့က စာအုပ်၊စာစောင်များ လှူဒါန်းရာ စာကြည့်တိုက် ဥက္ကဌဦးထွန်းလင်းအောင်က လက်ခံရယူသည်။
အဆိုပါစာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ကျေးရွာလူငယ် ခေါင်းဆောင် ဦးထွန်းလင်းအောင်က ဦးဆောင်၍ တည်ဆောက်ခဲ့ပြီး အကျယ်အ၀န်းမှာ အလျား ၁၈ပေ၊ အနံ ၁၄ပေ၊ အမြင့် ၁၂ပေ ရှိ သွပ်မိုးနံကပ်အဆောက်အအုံဖြစ်ကြောင်း သိရသည်။
Thursday, February 19, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment