Monday, February 2, 2015

မင်းဘူး     ဇန်န၀ါရီ      ၃၁
    မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မောင်းမကန်ကျေးရွာအုပ်စု မောင်းမကန်ကျေးရွာတွင် ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး တင်ဒါပိုလျှံငွေ(၂၀.၀၀)သန်းဖြင့် မြန်မာ့ရှုခင်း သမ၀ါယမ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် မြေသားရေကန်တူးဖြော်ခင်း(၅၀၀´x၃၀၀´)နှင့် ရေပိုလွှဲ တည်ဆောက်ခြင်း(၁၃၀´x၁၂´x၅´)လုပ်ငန်းအားဆောင်ရွက်ခဲ့ပါသည်။
    အဆိုပါ မြေသားရေကန်တူးဖော်ခြင်းနှင့် ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်းအား ဇန်န၀ါရီ ၃၀  ရက် နံနက် ၁၁ နာရီက မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များအား မြေသားရေကန်တူး
 ဖော်ခြင်း၊ရေပိုလွှဲတည်ဆောက်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို မင်းဘူးမြို့နယ်ကျေးလက်မှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဘုန်းလင်း(လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ)မှ ရှင်းလင်းပြသခဲ့ ကြောင်း သိရှိရသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video