နတ်မောက် ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရွာမွန်ကျေးရွာတွင်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဇန်နဝါရီ ၂၉ ရက်နေ့လည် ၂ နာရီအချိန်က ကျေးရွာမီးလင်းရေး အခမ်းအနားကျင်းပခဲ့သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်မှ အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကိုလတ်မှ မြို့နယ်၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကျယ်တဝန်းရှင်းလင်း၍ မြို့နယ်ဦးစီးမှူးမှ ကျေးရွာဆိုလာမီး လင်းရေးပစ္စည်းများကို ပေးအပ်ခဲ့ရာ ရွာမွန်ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌမှ လက်ခံရယူသည်။ ထို့အပြင်ရွာမွန်ကျေးရွာရှိ အိမ်ခြေ ၂၂၉ အိမ်ရှိ အိမ်ထောင်စုများအတွက် ကျေးလက် မီးလင်းရေး အထောက်အကူ ပြုပစ္စည်း ၂၂၉ စုံတို့ကို ပေးအပ်ခဲ့၍ တစ်အိမ်ထောင်လျှင် ဆိုလာပြားတစ်ချပ်နှင့် မီးလင်းရေးအထောက်အကူပြု ပစ္စည်းများလက်ခံရယူကြောင်းသိရသည်။
လှဝင်း
Monday, February 2, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment