Monday, February 2, 2015

ပွင့်ဖြူ     ဇန်န၀ါရီ      ၃၁
    ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ် ပွင့်ဖြူမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရံပုံငွေဖြင့် ဆောင်ရွက်သော လယ်ကိုင်း-ရွှေလှေလမ်းအား ဇန်န၀ါရီ ၃၀ ရက် နံနက်၉ နာရီက တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆွေ၊ခရိုင်ဦးစီးဌာနမှူး ဦးတင့်လွင်ဦး တို့မှ အဆိုပါလမ်းပိုင်းအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ကျော်(ဦးစီးအရာရှိ-နည်းပညာ)နှင့် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးမှ လုပ်ငန်းများ အား အရည်အသွေး ပြည့်မီစွာဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video