Monday, January 5, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ လေးအိမ်တန်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဖုန်းဖြင့် စက်လှေတစ်စီး တိမ်းမှောက်ကြောင်း သတင်းပေးချက်အရ သွားကြောင်းခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ ညနေ (၆း ၂၀) အချိန်ခန့်တွင် လေးအိမ်တန်း မြေနုကျွန်း ဘက်မှ လေးအိမ်တန်းရွာသို့ လေးအိမ်တန်းရွာနေ ကျော်အောင် (၄၁) နှစ်သည် ဟွန်ဒါ စက်တပ်စက်လှေဖြင့် ကျား(၂)ဦး ၊ မ(၁၃)ဦးအား တင်ဆောင်၍ မောင်းနှင်လာစဉ် ရွာဆိပ်ကမ်းသို့ ရောက်ရန် ဝါးသုံးပြန်ခန့်အကွာသို့ အရောက်တွင် ရေနံတင်သင်္ဘော ခုတ်မောင်း သွားသည့် ရေလှိုင်း မိ၍ စက်လှေနစ်မြုပ်သွားခဲ့ပြီး စက်လှေပေါ်တွင် လိုက်ပါလာသူများ အနက် လေးအိမ် တန်း ကျေးရွာ နေသူများဖြစ်သော မခင်ချောချောမေ(၆) နှစ် နှင့် မပိုးဇာခြည်သွယ်(၈)နှစ် တို့နှစ်ဦးမှာ ပျောက်ဆုံး နေကြောင်း သိရှိရသည်။

 ရေယာဉ်အား မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ ကျော်အောင် (၄၁)နှစ်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ)၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈ဝ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video