Monday, January 5, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ ညနေ (၄း ၀၅) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ညောင်ပင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား ကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ပွင့်ဖြူမြို့နယ်၊ ညောင်ပင်ရွာနေ ဒေါ်သိန်းသိန်း(၅ဝ) နှစ်သည် ၄င်း၏တဲတွင် ထမင်းဟင်း ချက်ပြုတ်ပြီး မီးဖိုအားစနစ်တကျငြိမ်းသတ်ခြင်းမရှိသောကြောင့် မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ သုံးပင်ပတ်လည် သက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း မီးလောင်ကျွမ်းခဲ့ သဖြင့် စုစုပေါင်းတန်ဘိုး ၂ဝဝဝိ/-ခန့်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ 

မီးအား ပေါ့ဆစွာသုံးစွဲသူ ဒေါ်သိန်းသိန်း (၅၀)နှစ်အား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video