၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူ တပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ စကုနယ်မြေရဲစခန်းအတွင်း သတင်းစုံစမ်းနေစဉ် စကုမြို့၊ အမှတ်(၁) ရပ်ကွက်၊ ရှမ်းစုရပ်အနီး လမ်းမပေါ်တွင် ခိုးမှုကျူးလွန်သည်ဟုကျော်စောသတင်းရှိသူ စကုမြို့၊ အမှတ် (၁) ရပ်ကွက်နေ လှမြင့် (၂၅) နှစ်အား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စကုမြို့၊ အမှတ် (၁) ရပ်ကွက်နေ လှမြင့် (၂၅) နှစ်ထံမှ ဆင်းကဒ်မပါ ဟန်းဆက်တစ်လုံးအား တွေ့ရှိ သဖြင့်စစ်ဆေးရာ ၃.၁.၂ဝ၁၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်က တစ်ရပ်တည်းနေ ချစ်ရင်ထူး (၂၄)နှစ် နှင့်အတူ ငဖဲမြို့နယ်၊ ပဒန်းကျေးရွာဘုရားပွဲအတွင်း အမည်မသိလူတစ်ဦးထံမှ နှိုက်ယူခဲ့သော ဟန်းဆက်ဖြစ်ကြောင်းစစ်ဆေးသိရသဖြင့် လှမြင့်နှင့် ချစ်ရင်ထူး တို့ နှစ်ဦးအား မင်းဘူးမြို့နယ်၊ စကု နယ်မြေရဲစခန်း(ပ)၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment