Sunday, January 4, 2015

ဆော ဇန်နဝါရီ ၃
    ဂန့်ဂေါခရိုင် ဆောမြို့နယ် အင်းမလယ်ကွင်းတွင် ယခုနှစ်မိုးစပါးရာသီ၌ ပုလဲသွယ်အထူးအထွက်တိုးစပါးစိုက်ပျိုးသည့် တောင်သူများစုပေါင်း၍ ကောက် သစ်ဆွမ်းကပ်လှူပွဲကို ဇန်နဝါရီ ၃ ရက် နံနက်က အင်းမလယ်ကွင်းရှိ မင်္ဂလာမဏ္ဍပ်တွင် ကျင်းပသည်။
    အဆိုပါဆွမ်းကပ်လှူပူဇော်ပွဲသို့ ပင့်သံဃာတော် ၇ ပါးကြွရောက်တော်မူကြ၍ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုကော်မတီဥက္ကဌ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌတို့နှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အထွက်တိုးစပါးစိုက်ပျိုးသည့်တောင်သူ ၃၀ ဦးနှင့် ယင်းတို့၏ ဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ကြကာ ရင်းခေါ်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒ န္တ သာဂရ ထံမှ ငါးပါးသီလကိုခံယူဆောက်တည်ကြပြီး ဆွမ်းလှူဒါန်းခြင်းနှင့်ပတ်သက်၍ဟောကြားသော တရားတော်မြတ်ကိုနာယူလျှက် ရေစက်သွန်းချအမျှပေးဝေကြသည်။
    အဆိုပါနေ့တွင် သံဃာတော်များအား ဆွမ်းနှင့်ဘောဇဉ်များ ဆက်ကပ်လှူဒါန်းသည့်အပြင် ကြွရောက်လာကြသော ပရိဿတ် ၅၀၀ ကျော်တို့အား ထမင်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video