မြို့သစ် ဇန်န၀ါရီ ၃
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာတွင် ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် Pro Engineering Co.ltd မှ တာဝန်ယူ၍ ဆိုလာနှင့်ကျေးရွာမီးလင်း ရေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးရွာဆိုလာမီးတပ်ဆင်နေမှုအား မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူးဦးမြင့်သိန်းနှင့်ဝန်ထမ်းများ၊ကျေးရွာမီးလင်းရေးကော်မတီဝင်များမှ ကျေးရွာ ဆိုလာမီး အမြန်ရရှိအသုံးပြုနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Sunday, January 4, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment