၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့ နံနက် (၉း ၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ညောင်ဝန်းကျေးရွာနေသူ အောင်နိုင်၊ ၃၇နှစ်၊ (ဖ)ဦးကျော်သိန်း သည် အတူနေညီမဖြစ်သူ မထွေးညိုနှင့် စကားများ ရန်ဖြစ်ရာမှ ၄င်းတို့နေထိုင်ရာ ၃x၄ ပင် သွပ်မိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်းနေအိမ် ခေါင်းရင်းရှိ ထရံအားခွာပြီး ဖျာကြမ်း၊ အ၀တ်အထည် အဟောင်းတို့နှင့် အတူ နေအိမ်ရှေ့(၈)ပေခန့်အကွာတွင် စုပုံမီးရှို့ခဲ့ရာ တန်ဖိုး ၂၀၀၀ိ/- ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နေအိမ်ထရံအားခွာပြီး အ၀တ်အထည်များအား မီးရှို့သူ အောင်နိုင် အား အရေးယူပေးပါရန် ညောင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မြင့် မှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ပေါက် မြို့နယ်၊ ရေပြာနယ်မြေရဲစခန်း (ပ)၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment