Saturday, January 3, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ ၊ အောင်ချမ်းသာ အုပ်စု၊ ရန်အောင်ရပ်ကွက်အတွင်း လောင်စာဆီများရောင်းချနေသဖြင့် ရပ်ကွက် အတွင်း မီးဘေးအန္တရာယ် စိုးရိမ်းဖွယ်ရှိကြောင်း ဖုန်းဖြင့်သတင်းပေးချက်အရ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မကွေးမြို့၊ လောင်စာဆီများ ရှာဖွေသိမ်းဆည်း အရေးယူ ခဲ့ကြောင်းသိရှိရပါသည်။

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီ အချိန်ခန့်တွင် ရန်အောင်ရပ်ကွက်၊ မြို့ပတ် လမ်းနှင့် အထက(၁)လမ်းထောင့်နေသူ ဦးဝင်းလွင်ဦး၊ ၄၁နှစ်၊ (ဖ)ဦးကျော်သိန်း ၏ နေအိမ်ဆိုင်အတွင်း ၀င်ရောက်ရှာဖွေရာ အစိမ်းပုတ်ရောင် (၇)ဂါလံဆံ့ ပုံးတွင်ထည့်ထားသော ဓါတ်ဆီ(၁)ဂါလံခန့် (တန်ဘိုး ၆၀၀၀ိ/-)၊ (၁)လီတာ ရေသန့်ဘူးဖြင့်ထည့်ထားသော ဓါတ်ဆီ(၉)ဘူး (တန်ဘိုး ၉၀၀၀ိ/-)၊ BLUE MOUNTANIN အချိုရည်ဘူးဖြင့် ထည့်ထားသော ဓါတ်ဆီဘူးသေး(၆)ဘူး (တန်ဘိုး ၃၀၀၀ိ/-)၊ ဓါတ်ဆီရောင်းရာ တွင် အသုံးပြုသော သံကတော့(၁)ခု (တန်ဘိုး ၁၀၀၀ိ/-)နှင့် အ၀ါရောင်ကတော့ အသေး (၁)ခု (တန်ဘိုး ၅၀၀ိ/-)၊ ဓါတ်ဆီ ရောင်းရာတွင် အသုံးပြုသော (၁)ဂါလံဆံ့ ချိန်ခွက်(၁)ခွက် (တန်ဘိုး ၁၂၀၀ိ/-)၊ စုစုပေါင်းတန်ဘိုး ၂၀၇၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခွင့်ပြုချက်မရှိဘဲ လောင်စာဆီ လက်ဝယ်ထားရှိ ရောင်းချသူ ဦးဝင်းလွင်ဦး အား မကွေးမြို့နယ်၊ မကွေး နယ်မြေရဲစခန်း (ပ)၆/၂၀၁၅၊ ၁၉၃၄ ခုနှစ် လောင်စာဆီ အက်ဥပဒေပုဒ်မ ၂၃(၁)(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

အလားတူ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့ နေ့လယ် (၁၂း၄၅) နာရီအချိန်ခန့်တွင် ရန်အောင် ရပ်ကွက်၊ (၁၈)လမ်းနေသူ ဦးအေးကိုဦး၊ ၆၀နှစ်၊ (ဖ)ဦးအေးမောင်၏ နေအိမ်ဆိုင် အတွင်း ၀င်ရောက်ရှာဖွေရာ (၁)လီတာရေသန့်ဘူးဖြင့် ထည့်ထားသော ဓါတ်ဆီ (၁၄)ဘူး(တန်ဘိုး ၁၄၀၀၀ိ/-)၊ ဓါတ်ဆီရောင်းရာတွင် အသုံးပြုသော (၆)ဂါလံပုံးအခွံ(၃)ပုံး (တန်ဘိုး ၆၀၀၀ိ/-)၊ ဓါတ်ဆီ ရောင်းချရာတွင် အသုံးပြုသည့် ကတော့ အကြီးအဖြူ(၁)ခု (တန်ဘိုး ၁၀၀၀ိ/-)နှင့် ကတော့အကြီး အနီ(၁)ခု (တန်ဘိုး ၁၀၀၀ိ/-)၊ ဓါတ်ဆီရောင်းရာ တွင် အသုံးပြုသော ရေသန့်ဗူးခွံ(၄၁)ဗူး(တန်ဘိုး ၂၀၅၀ိ/-)၊ စုစုပေါင်း တန်ဘိုး ၂၄၀၅၀ိ/- တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ခွင့်ပြုချက်မရှိဘဲ လောင်စာဆီ လက်ဝယ်ထားရှိ ရောင်းချသူ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၆/၂၀၁၅၊ ၁၉၃၄ ခုနှစ် လောင်စာဆီအက်ဥပဒေပုဒ်မ ၂၃(၁)(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video