Sunday, January 4, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့ ညနေ (၆း၀၅)နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ လျှော်ချောင်းကြီးကျေးရွာ အနောက်မြောက်ဘက် (၁)မိုင်ခန့်အကွာ လျှော်ချောင်း ကြီးကျေးရွာနှင့် ဂွေးကုန်းမြောက်ကွင်းအကြား လှည်းလမ်းတွင် လျှော်ချောင်းကြီး ကျေးရွာနေ ဦးထွန်းရွှေ၊ ၇၀နှစ်၊ (ဖ)ဦးသာရင်နှင့် ဇနီးဖြစ်သူ ဒေါ်သိန်းလှ၊ ၆၀နှစ်၊ (ဖ)ဦးကျော်ရင် တို့သည် ယာခင်း မှ ပြောင်းရိုးများ ခုတ်၍ လှည်းပေါ်တင်ကာ ဦးထွန်းရွှေမှ လှည်းမောင်း၍ပြန်လာပြီး ဒေါ်သိန်းလှ မှ နွားတစ်ကောင် အား မောင်း၍ လမ်းလျှောက် ပြန်လာစဉ် ဦးထွန်းရွှေ မောင်းနှင်သော လှည်းမှ နွားများ လှန့်ပြီး ပြေးသဖြင့် ဦးထွန်းရွှေ သည် လှည်းပေါ်မှ ပြုတ်ကျကာ ခြေထောက်အား နွားချည်ကြိုးဖြင့်ငြိကာ ဒရွတ်တိုက်ပါသွားခဲ့ သဖြင့် ဦးထွန်းရွှေတွင် ၀ဲချိုစောင်း/ မျက်ခုံး/ မျက်လုံး/ နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာနားနှင့် နှာခေါင်း သွေးထွက် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ နွားလှည်းအား ပေါ့ဆစွာမောင်းနှင်သူ ဦးထွန်းရွှေအား နတ်မောက် မြို့နယ်၊ စိုင်ကောင်း နယ်မြေရဲစခန်း (ပ)၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video