၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်း တာဝန် ဆောင်နေစဉ် မြိုင်မြို့နယ်၊ လှည်းခုတ်ကျေးရွာတွင် လူတစ်ဦး မူးယစ် ရမ်းကားနေ ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ လှည်းခုတ်ကျေးရွာ၊ လမ်းမပေါ်တွင် အုန်းရွှေ၊ ၆၃နှစ်၊ (ဖ)ဦးမုန်း သည် အရက်သောက်စား မူးယစ်ပြီး အရိုးအသွား (၁၀)လက်မခွဲခန့်ရှိ ဓါးမြှောင်ကိုင်ဆောင်ရမ်းကား နေသည်ကို တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လမ်းမပေါ်တွင် အရက်မူး၍ ဓါးကိုင်ရမ်းကားသူ အုန်းရွှေအား မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း (ပ)၂/၂၀၁၅၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူမှုဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment