မကွေး ဇန်န၀ါရီ ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၁၅ခုနှစ်(၆၇)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်(၆း၀၀)နာရီက မကွေးမြို့ ဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက Smoke ball နှင့် Gold ball များရိုက်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်က Silver ballနှင့် မကွေးတိုင်းဒေသကြီး ကုန်သည်ကြီးများအသင်းဥက္ကဌ ဦးထွန်းဆိုင်က Bronze ballများရိုက်၍ ပြိုင်ပွဲများကိုဖွင့်လှစ်ပေးပါသည်။
(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၂၅မြို့နယ်မှ ပြိုင်ပွဲဝင် ၃၆သင်း အားကစားသမားပေါင်း ၂၂၅ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ၃.၁.၂၀၁၅ရက်နေမှ ၄.၁.၂၀၁၅ရက်နေ့ထိ (၂)ရက်ပြုလုပ်မည်ဖြစ်၍ မကွေးမြို့ ဂေါက်ကွင်းများဖြစ်သည့် နမ္မဒါဂေါက်ကလပ်နှင့် ဖန်ခါးမြေဂေါက်ကလပ်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ညီညီ
Saturday, January 3, 2015
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment