၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်းလှမြို့နယ်၊ ငနောင်မုန်းရေနံမှော် တွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ငနောင်မုန်း ရေနံမှော်သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ ငနောင်မုန်းရေနံမှော်တွင် ရေနံခပ်လုပ်ငန်းလုပ်ကိုင်နေသူ မန္တလေး တိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ညောင်စောက်ရွာနေ ဦးကျော်စိန်(၆၇)နှစ်မှာ ၄င်း၏တဲအတွင်း နဖူး ချိုင့်ဝင်ဒဏ်ရာ၊ ရင်ဘတ်အား သွားဖြင့်ကိုက်ထားသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ သဖြင့် စုံစမ်းရာ ၄င်း၏သားဖြစ်သူ ရေနံခပ်လုပ်သား လုပ်ကိုင်သူ သိန်းတန် (၃၇)နှစ်မှ အရက်ဖိုးငွေ မပေးသဖြင့် ရေနံတူးရာတွင် အသုံးပြုသော အရှည် ၄ ပေခန့်ရှိ သံပိုက်ဖြင့် ရိုက်ရာမှ သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် သိန်းတန် (၃၇)နှစ်အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ)၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment