သရက် ဇန်န၀ါရီ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့တွင်ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူးကျင်းပသည့် (၆၇)နှစ်မြောက် လွတ်လပ်ရေးန့ အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက သရက်မြို့ အထက(၂)ကျောင်း အစည်းအဝေးခန်းမအတွင်း ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အထက(၂) ကျောင်းအုပ်ဆရာကြိးကိုယ်စား ဆရာကြီး ဦးကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပေးပြိး သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစိးဌာန မြို့နယ်ဦးစီးမှူး ဥိးအေးဝင်းက လွတ်လပ်ရေးနေ့ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ သည်။
ထို့နောက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး ၀န်ထမ်းများက စာအုပ်ပြပွဲပြုလုပ် ဆောင်ရွက်ပေး ရာ အထက(၂)မှ ကျောင်းသား/ကျောင်းသူများက လာရောက် လေ့လာဖတ်ရှု့ခဲ့ကြောင်း သိရသည်။
Thursday, January 1, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment